Tuesday, 23 October 2018

မြန်မာနိုင်ငံကြေးခေတ်များမှာ တွေ့ရှိရသည့်ပုတီးစေ့များ

ဟာရပ္ပနဲ့ မိုဟမ်ဂျိုဒါရိုတွေ့ ယာယီအမည် အိန္ဒူမြစ်ဝှမ်း
ယဉ်ကျေးမှုမှ ပုတီးစေ့တွေနဲ့ ပျူခေတ်ပုတီးစေ့တွေကို
နှိုင်းယှဉ်လေ့လာနိုင်ရန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံကြေးခေတ်ဒေသများမှာ တွေ့ရှိရတဲ့
ပုတီးစေ့များဟာ အိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှုထက်
ပိုမိုရှေးကျတယ်လို့ ယူဆရဖွယ်ရှိပြီး မြန်မာနိုင်ငံ
ရှေးဟောင်းသုတေသန တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့
ပတ်ဝန်းကျင်နိုင်ငံများက တူးဖော်မှုမှတ်တမ်းတွေကို
သတိပြုလေ့လာသင့်ပြီဖြစ်ပါတယ်။

ပုတီးစေ့တွေ့ရင် သက်တမ်းအတိအကျ သတ်မှတ်
နိုင်ခြင်းမရှိ၊ လုစ်ပြောသွားတဲ့အတိုင်း ပုဂံဘုရားမှန်
သမျှ  အေဒီ ၁၂-၁၃ ရာစု၊ အုတ်ခွက်ဘုရားတွေ့တာနဲ့
အနော်ရထာအုတ်ခွက်ဘုရား၊ ရှေးဟောင်းအုတ်ခဲစာ
တွေကို တွေ့ရင် မဖတ်တတ်တိုင်း ကိုယ်နဲ့မဆိုင်သလို
ကျော်သွားတဲ့ သုတေသနအမည်ခံ အံ့သြဖွယ်ရာပညာရှိ
များကို လုပ်ချင်သလိုဆက်လက် လုပ်ကိုင်ခွင့် ပေးနေဦးမယ်
ဆိုရင်ဖြင့် မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံလူသားသမိုင်းဟာ
သူများနိုင်ငံတွေထက်စာရင် မှတ်တမ်းတင်နိုင်မှု အားနည်း
နေပါလိမ့်မယ်။ (မပြောမဖြစ်လို့ ပြောခြင်းဖြစ်ပါတယ်)


No comments:

Post a Comment

(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း)

(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း) မြန်မာသက္ကရာဇ် ၁...