ပျူ (the pyu)
************
ဒီပျူတွေကြောင့်ပဲ ကျွန်တော်တို့နိုင်ငံ ၂၀၁၄ ခုနှစ်ဇွန်လမှာ ကမ္ဘာ့
အမွေအနှစ်ရခဲ့တာဖြစ်ပါတယ် သူတို့ရဲ့ကြိုးစားအားထုတ်ခဲ့မှုတွေက
ယနေ့ကျွန်တော်တို့မြန်မာပြည်အတွက် ကမ္ဘာ့အမွေနှစ်နဲ့ထိုက်တန်ဖို့
အကြောင်းတရားတွေပါပဲ သူတို့ဟာကြံရည် ဖန်ရည်မြင့်မားသူတွေဖြစ်
လို့အရှေ့တောင်အာရှရဲ့လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က မြို့ပြ
ထူထောင်နိုင်ခဲ့ပြီး ဗုဒ္ဓဘာသာကိုလည်း ခိုင်မာတောင့်တင်းအောင်ပန္နက်
ချနိုင်ခဲ့တဲ့တစ်ခုထည်းသောဒေသဖြစ်ပါတယ် ဒီအချက်တစ်ခုထည်းနဲ့
တင် ကမ္ဘာ့အမွေအနှစ်ရရှိဖို့အခွင့်အရေးကများစွာရှိနေပါတယ်ပျူလူမျိုး
တွေဟာမြို့ပြတည်ထောင်ဖို့အတွက်နေရာရွေးချယ်ကြရာမှာ အင်မတန်
လိမ္မာပါးနပ်စွာနဲ့မဟာဗျူဟာ နည်းဗျူဟာကျကျရွေးချယ်တတ်ကြပါ
တယ် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာဧရာဝတီမြစ်ကိုကျောထောက်
နောက်ခံထားလို့ သူ့ထံဆက်သွယ်လာမယ့် မြစ်အသွယ်သွယ် ချောင်း
အသွယ်သွယ်ကကြားထည်းကမြစ်ဝှမ်းလွင်ပြင် အသွယ်သွယ်က ပျူလူ မျိုးများအတွက်မြို့ပြတည်ဆောက်နိုင်ဖို့ရွေးချယ်အသုံးပြုရတဲ့ဗျူဟာ တစ်ခုဆိုရင် မမှားပါဘူး တွေ့ရှိ တူးဖော်သုတေသနပြုထားတဲ့ပျူမြို့
ဟောင်းတွေရဲ့ Settlement pattern ကိုလေ့လာတဲ့အခါ ဟန်လင်းမြို့ဟောင်းက မူးမြစ်ဝှမ်းလွင်ပြင် မိုင်းမောက ကျောက်ဆည် ဗိဿနိုးက ယင်းလွင်ပြင် သရေခေတ္တရာက နဝင်းလွင်ပြင် စတာတွေကို
အခြေပြုတည်ဆောက်ထားတာတွေ့ရှိရပါတယ် လွင်ပြင်တွေဟာ သူတို့
မြို့ပြတည်ဆောက်မှုအတွက် အရေးပါလှတဲ့ အစိတ်အပိုင်းပဲဖြစ်ပါ
တယ် ရေစီမံခန့်ခွဲမှုအတွင်း ဒီလွင်ပြင်တွေဟာ အစားအစာထုတ်လုပ်မှု
နဲ့ မြို့ပြလုံခြုံရေးအစီအမံများထိ အသုံးဝင်ပါတယ် သွားလာပို့ဆောင်
ရေးနဲ့ဘာသာရေးပွဲလမ်းများအတွက် တစ်စတစ်စ အသုံးချမှုပုံစံ အမျိုး
မျိုးနဲ့ရှည်လျားလှတဲ့ပျူခေတ်ကြီးတစ်လျောက်လုံး ပုံစံတွေပြောင်းပြီး
အသုံးချခဲ့ကြပါတယ် ပျူခေတ်ရဲ့ ဘာသာရေး လူမူရေး နိုင်ငံရေးအစစ
အအောင်မြင်ဆုံး အချိန်က အေဒီ၅ရာစုက စနိုင်မယ်လို့ယူဆနိုင်ပါ
တယ် ဒါအထောက်အထားကို သရေခေတ္တရာ တူးဖော်သုတေသနပြု
ချက်များကထောက်ခံပေးပါတယ် တူးဖော်သုတေသန ပြုလုပ်တဲ့အ
ဆောက်အုံရဲ့မြေလွှာအတွင်းနဲ့အရိုးအိုးအတွင်းက မီးသွေးစတွေကို
စစ်ဆေးတဲ့ဓါတ်ခွဲခန်းအဖြေများအရ AD ၅ရာစုနဲ့ ၇ရာစု ဆိုတဲ့အဖြေ
ကများပါတယ် ဒီအဖြေတွေပေးတဲ့အဆောက်အုံတွေက သရေခေတ္တရာ
မြို့ကြီးတိုးချဲ့ပြီးမှ တည်ဆောက်ခဲ့ကြတဲ့အဆောက်အုံများစီကရရှိခဲ့
တာများပါတယ် ဗိဿနိုးနဲ့နှိုင်းယှဉ်ရင် သရေခေတ္တရာရဲ့ယခုမြေပြင်မှာ
ရှိနေတဲ့ယဉ်ကျေးမှုအခင်းအကျင်းက များစွာကွာခြားလွန်းလှပါတယ်
သရေခေတ္တရဲ့မိုးပျံနေတဲ့ စေတီကြီးတွေဖြစ်ကြတဲ့ ဘောဘောကြီး
ဘုရားမာနဲ့ ဘုရားကြီးစေတီတွေက သရေခေတ္တရာ ပျူတွေရဲ့ဘာသာ
ရေးအပေါ်ဆက်လက် အောင်မြင်နေမှုများက အခြားသော ဗိဿနိုး ဟန်လင်း မိုင်းမော ပျူမြို့များထက် သာလွန်နေပါတယ် ဒါဟာ ပျူခေတ်ရဲ့နောက်ဆုံးကာလတွေအထိ သရေခေတ္တရာ သယ်ဆောင်
သွားခဲ့တယ်ဆိုတဲ့အချက်ပါပဲ ပျူမြို့ဟောင်းတွေမှာ မြို့ရိုးတည်
ဆောက်မှုတွေက တစ်ပုံစံထည်းဖြစ်ပါတယ် ဒါပေမယ့် ဗိဿနိုး နဲ့ဟန်
လင်းက ပိုလို့ဆင်တူပါတယ် ဝင်ပေါက်တွေက တူလွန်းပါတယ် ဒါ
ပေမယ့် ဟန်လင်းမြို့ဝင်ပေါက်တည်ဆောက်မှု လက်တံတည်ဆောက်မှု
တွေကနဲနဲရှုပ်ထွေးစပြုလာပါတယ် မိုင်းမောရဲ့ရှားရှားပါးပါးရှိထားတဲ့
ကုန်းအမှတ်၁၈ အရှေ့ဘက်မြို့ဝင်ပေါက်က ဗိဿနိုးက မြို့ဝင်ပေါက်
ထက်တောင်ပိုလို့ရိုးရှင်းနေတယ် သရေခေတ္တရာကတော့ အဆင့်
အတန်းအတော်မြင့်နေပါပြီ သရေခေတ္တရာရဲ့နန်းတော်ရာဟာ ၆၆ ဧက
ကျယ်ဝန်းပြီး ဒေါင့်မှန်စတုဂံပုံ တစ်ပတ်လည်လုံး အတွင်းကျုးံထည့်ပြီး
တည်ဆောက်ထားတဲ့အဆင့်ရောက်နေပါပြီ ဒီအင်္ဂါရပ်က အခြားပျူမြို့
ဟောင်းများမှာ မတွေ့ရပါဘူး နန်းတော်ရာအတွင်းမှာတော့ ထပ်မံပြီး
တံတိုင်းများပိုင်းခြားထားတာ သရေခေတ္တရာမှာရောဗိဿနိုးမှာရော ပုံစံ
အတူတူပါပဲ ဒါပေမယ် သရေခေတ္တရာရဲ့တံတိုင်းတွေကို ပိုမိုထုထည်
ကြီးမားလာပါပြီ ပျူတွေဟာ ဘာသာရေးအဆောက်အုံနဲ့နန်းတော်ရာ
အဆောက်အုံတွေကလွဲလို့ အခြားလူနေထိုင်တဲ့အဆောက်အုံများကို
အုတ်အဆောက်အုံနဲ့အသုံးမပြုကြပါဘူး သစ်တွေ ဝါးတွေနဲ့သာ နေထိုင်ကြပုံရပါတယ် ပျူမြို့ဟောင်းများရဲ့တစ်ချို့နေရာတွေမှာ အုတ်အဆောက်အုံကုန်းတွေမရှိပဲ အိုးခြမ်းကွဲ အနှံ့အပြားမြေပြင်ပြင်မှာ
ပျံ့ကျဲနေတဲ့နေရာတွေများစွာရှိပါတယ်ပျူတွေရဲ့လူနေထိုင်မှုအစစ်အမှန်
social pattern ကိုသိခြင်ရင် ဒီနေရာတွေကို အုတ်အဆောက်အုံမ
ရပေမယ့် မြေလွှာတစ်ခုခြင်း သူ့ရဲ့အလွှာလိုက်ပေါ်လာမယ့် မြေလွှာနဲ့
အခြားဆက်စပ်မှု locus တွေကို အဓိပ္ပါယ်ပြန်နိုင်ခြင်းဖြင့် သိရှိနိုင်
ပါတယ် တစ်ချို့နေရာတွေမှာ သံမယ်န အရွယ်မျိုးစုံတွေ့ရလို့ သစ်ဝါး
တွေကို စရွေးဖောက်ထည့်ပြီးသံမယ်နအနဲငယ်နဲ့ထိန်းလို့ဆောက်
လုပ်နေထိုင်တယ်လို့ဆိုပါတယ် ပျူတွေနေအိမ်ဆောက်ဖို့ ယခုခေတ်
လို သံချောင်းလှိုင်လှိုင်တော့ မသုံနိုင်ခဲ့ပါဘူး ဘာလို့လည်းဆိုရင် ဒီလို
အိုးခြမ်းကွဲတွေကြီးပဲရှိတဲ့ habitation area တွေမှာသံမယ်နတွေ့
တာအတော်လေးနဲပါတယ်တွေ့တော့တွေ့ပါတယ် များသောအားဖြင့်
တော့ပျူတွေဟာသံထည်ပစ္စည်းတွေကိုနည်းလမ်းနှစ်ခုနဲ့အသုံးချခဲ့ပုံ
ရပါတယ် တစ်ခုက ယုံကြည်မှုနဲ့ ကျန်တစ်ခုကအဆောက်အုံတွေမှာ တကယ်အသုံးပြုခဲ့တယ်လယ်ယာစိုက်ပျိုးရေးပစ္စည်းတွေပြုလုပ်တယ် လက်နက်ကရီယာတွေအခြားသူတို့နေ့စဉ်ဘဝမှာလိုအပ်တဲ့ပစ္စည်းတွေ
လုပ်ကြပါတယ် အထူးသဖြင့် ပျူမြေလွှာ ဒါမှမဟုတ် အရိုးအိုးတွေ
အတွင်းမှာ တွေ့ရတဲ့ ဓါးတွေက ဦးချိုးထားတဲ့ဓားတွေများပါတယ်
သရေခေတ္တရာကုန်းအမှတ် ၃၂ တူးဖော်တဲ့အခါ အဆောက်အုံပန္နက်
ပတ်လည်နဲ့လှေခါးဘေးတွေမှာ အရိုးအိုးတွေထွက်လာပါတယ် ပုံစံက
သပိတ်ပုံတွေပါ အထည်းမှာအရိုးအပိုင်းအစတွေနဲ့အတူ ဓားအကျိုး
တွေကိုတွေ့ရှိရပါတယ် ဒီအတိုင်းအလွတ်တွေ့ရတဲ့ဓါးအရှည် တိုက်ပွဲ
ဝင်တဲ့ဓါးမျိုးတော့ တူးဖော်မှုတစ်လျောက်မတွေ့ရသေးပါဘူး ဒါပေမယ့်
လှံသွားပုံစံတော့အတွေ့ရများပါတယ် စစ်မက်ရေးရာနဲ့ပတ်သက်လို့
ဟန်လင်းတူးဖော်ရေးမှာ သံညှောင့်တွေအတွေ့ရများပါတယ် ဒါ့ပြင်
ဟံလင်းရဲ့တံခါးဝင်ပေါက်လက်တံတွေရဲ့ ဘေးနဲ့ ဒေါင့်တွေမှာ ပစ်လို့
ရတဲ့ကျောက်အပုံလိုက်တွေ့ရပါတယ် ဟံလင်းရဲ့ကုန်းအမှတ် ၃၁ နဲ့
၃၃မှာတွေ့နိုင်ပါတယ် ဒါကြောင့် မူးမြစ်ဝှမ်းမှာရှိခဲ့တဲ့ဟန်လင်းဟာ
ပျူတွေအတွက်သိပ်ပြီးငြိမ်းချမ်းခဲ့ပုံမရပါဘူး ဟန်လင်းရဲ့ပျူအဆောက်
အုံတွေနဲ့ပျူခေတ်ဆိုင်ရာ အိုးတွေ အရိုးအိုးတွေ တွေ့ရှိရမှုကဟန်လင်း
ရဲ့ယခုမြေလွှာအောက် ၁၀ ပေနဲ့ပေ ၃၀ ကြား မှာရှိတဲ့သံခေတ်
အထောက်အထားတွေလောက်မရရှိခဲ့ပါဘူး တွေ့လိုက်ရင် ပျူခေတ်
အိုးအင်ခွက်ရောက်တွေထက် သံခေတ် မြေထည်အိုးတွေကိုပိုများပါ
တယ် ပြောချင်တာကတော့လဟန်လင်းပျူတွေဟာ အစောပိုင်းတည်
ထောင်မှုမှာ စစ်မက်အကြောင်းတစ်ခုကြောင့် သိပ်တိုးတက်ခဲ့ပုံမရပါဘူး
သရေခေတ္တရာထက်လည်းစောနိုင်ပါတယ် ဗိဿနိုးရဲ့အချိန်တွေက ဟန်လင်းနဲ့မတိန်းမယိမ်းပါပဲ ဒီအချိန်က သရေခေတ္တရာရဲ့အစောပိုင်း
ကာလတွေဖြစ်နိုင်ပါတယ် ယခုကျွန်တော်နင်းနေတဲ့အပေါ်ရံအလွှာ
တော့မဟုတ်လောက်ပါဘူး အရေးအခင်း ၁၉၈၈ ခုနှစ်ရွှေတွေကျင်စဉ်
တုန်းက နန်းတော်ရာရဲ့ယခုမြေပြင်အောက် ပေ ၂၀လောက်မှာ အုတ်ရိုးတန်းကြီးတွေတွေ့ခဲ့သူတွေရှိခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း
၁၉၉၇ ခုနှစ်နန်းတော်ရာမြိုရိုးမြောက်ဘက်ဝင်ပေါက်တူးဖော်စဉ်က ဒီကျင်းထည်းချော်ကျရင်းအုတ်ရိုးတန်းကြီးတွေတွေ့ခဲ့ရပါတယ် ဒီအထောက်အထားတွေဟာ ပျူခေတ်ရဲ့အစောပိုင်းကာလများဆီကို အရောက်ပို့ဆောင်ပေးမယ့် အခိုင်အမာဆုံး အထောက်အထားပဲဖြစ်ပါတယ်။
#KMW
Friday, 9 November 2018
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူ
Wednesday, 7 November 2018
ဗုဒ္ဓစွယ်တော်မြတ်ကို သပ္ပံနည်းဖြင့်စမ်းသတ်ခြင်း
ဗုဒ္ဓဘာသာကို ခရစ်ယာန်နဲ့ မွတ်ဆလင်က ဘာလို့ကြောက်နေတာလဲ?
******************************
အင်အားသေးပြီး လက်တစ်ဆုတ်စာလောက်ရှိတဲ့ ဗုဒ္ဓဘာသာကို သမိုင်းအထောက်အထားတွေ တိကျသေခြာတဲ့ ဗုဒ္ဓဝင်တွေအရ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာကို ဘာသာရေးအရ ယှဉ်လို့မရအောင် ကြောက်လှန့်နေခဲ့ပါတယ်။
ယနေ့ခေတ် အကြောင်းအရာတွေကို ပြန်လည် စမ်းစစ်မယ်ဆိုရင့့် 
ခရစ်တော် ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တယ်။
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ ယခုသက္ကရာဇ် ၂၀၁၈မှာဆိုရင် နှစ်...ပေါင်း(၂၆၃၉) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့ 
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်တဲ့ အနောက်အုပ်စု ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတွေက ဗုဒ္ဓမြတ်စွယ်တော်ကို စမ်းသပ်ချက်ကို ရပ်ဆိုင်းဖို့တားမြစ်ခဲ့တာ နောက်ကျသွားခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ စစ်အင်အားပြိုင်နေတဲ့ အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ်နိုင်ငံက အဲ့ဒီကိစ္စကို တစ်ကမ္ဘာလုံးကို ချပြခဲ့ပါတယ်။
နောက်ထပ်ငြင်းလို့မရတဲ့ သက်သေတစ်ခုက ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျာမဏီကသိပ္ပံပညာရှင်တွေ ထုတ်ဝေခဲ့တဲ့ "ကောင်းကင်ဘုံမှအသံများ"ဆိုတဲ့ စာအုပ်က ဗုဒ္ဓရဲ့ ဓမ္မတေးသံတွေကို ကောင်းကင်ဘုံမှာ တွေ့ရှိခဲ့တယ်ဆိုတာကို ရေးသားခဲ့ပါတယ်။
ခရစ်ယာန်တို့ သမ္မာကျမ်းစာမှ အလွဲများ
••••••••••••••••••••••••••••••••••••••••••••
ယနေ့ ခရစ်ယာန်တို့ အသုံးပြုနေသော သမ္မာကျမ်းသည် မူရင်းနှင့် မကွဲကြောင်း 1947 ဆားငန်အိုင် အနီးက ပြန်တွေ့ရှိသည် ဘီစီ 200 ခန့်က ကျမ်းဟောင်းများက သက်သေဖြစ်ပါသည်။ သမ္မာကျမ်းစာကို နှစ်ပေါင်း 1600 ကြာ ဘုရား၏ လူလေးဆယ်ခန့်က ရေးသားခဲ့ကြပါသည်။ ဘုရား၏ နှုတ်ကပတ်တော်စစ်ဖြစ်၍ လူသားတိုင်း ဖတ်ထိုက်သည့်အတွက် ဘာသာစကားပေါင်း 2500 ခန့်ဖြင့် ဘာသာပြန်ဆိုရမှုအများဆုံး ထုတ်ဝေနိုင်မှု အများဆုံး စာအုပ် ဖြစ်နေပါပြီ။
၁၉၄၇ ကမှ တူးဖေါ်ရရှိတဲ့ ကျမ်းက ကျမ်းအစစ်ဖြစ်ပါသလား။ ဘယ်သူက အာမခံပါသလဲ။ အဲ့ဒီကျမ်းနဲ့ တိုက်ကြည့်တော့ အခုခေတ် သမ္မာကျမ်း အားလုံးက မှန်ပါတယ်-လို့ ပြောရင်-
( ၁ )
ရှင်ယောဟန်-၈း ၁-— မှာ ၁၁ ထိ များစွာသော ရှေးအကျဆုံး လက်ရေးမူများနဲ့ ရှေးအကျဆုံး ဘာသာပြန်များမှာ လုံးဝ လုံးဝ မပါဝင်ပါ။
(ဒီကျမ်းက အချက်များက မြန်မာပြည်သုံး ယုဒသန် ဘာသာပြန်မှာ ပါဝင်နေပါတယ်။ )
ခရစ်ယာန်တို့ ပြောတဲ့ မူရင်းကျမ်းမှာ အဲ့ဒီ အပိုဒ်ကြီး တစ်ခုလုံး ပါဝင်ပါသလား။ အကယ်၍ ပါဝင်နေခဲ့ရင် ၁၉၉၀ နှစ်ထုတ် အင်္ဂလိပ်ဘာသာပြန် (Good News Bible Today English Version American Bible Society) မှာ ဘာဖြစ်လို့ ထိုကျမ်းချက်များသည် မူရင်းကျမ်း၌ မပါဝင်ပါလို့ ဘာဖြစ်လို့ ၀န်ခံထားတာလဲ။
နောက်တစ်ခု ပြပေးဦးမယ်။
( ၂ )တမန်တော်ဝတ္ထု ၈း၃၇ “ဖိလိပ္ပိက သင်သည် စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်လျှင် (ဘတ္တိဇံ) ခံသည်ဟု ဆိုလေ၏၊ အမတ်ကလည်း ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ် ယုံကြည်ပါသည်ဟု ၀န်ခံ၍--၊”
ဒီအပိုဒ်လည်း မူရင်း လက်ရေးမူတွေမှာ မပါဘူးလို့ ၀န်ခံထားတယ်။ ဒီလို ၀န်ခံမှုပေါင်း ၃၀၀ ကျော်ရှိနေတယ်။ အကွဲအလွဲပေါင်း မြောက်များစွာ ရှိနေတယ်။ ( ဘာသာပြန် အကွဲအလွဲ အသုံးအနှုန်းကို ပြောတာ မဟုတ်ဘူး နော်။ )
ဥပမာ - ရှင်ယောဟန် ၈း၅၇ မှာ “ယုဒလူတို့ကလည်း သင်၏ အသက်သည် အနှစ် ငါးဆယ်မျှ မရှိဘဲလျှက် သင်သည် အာဗြံဟံကို မြင်လေပြီတကားဟု ဆိုကြ၏၊” ဆိုတဲ့ ၀ါကျကို အချို့သော ရှေ့ဟောင်း လက်ရေးမူများမှာ “ယုဒလူတို့ကလည်း သင်၏ အသက်သည် အနှစ်ငါးဆယ်မျှ မရှိဘဲလျှက် အာဗြံဟံသည် သင့်ကို မြင်လေပြီတကားဟု ဆိုကြ၏။”
ဒီလို အလွဲအမှားပေါင်း များစွာ ရှိနေတယ် ခရစ်ယာန်တို့ ။ ဒီတော့ ခင်ဗျားတို့  ပြောနေတဲ့ မူရင်း၊ မူရင်းနဲ့ အကုန်လုံး တူညီနေတယ် ဆိုတာ မလေ့လာဘဲ နေသူများကိုသာ ပြောသင့်ပါတယ်။
ဒါကို နားမလည်ပါးမလည်တဲ့ အစ္စလာမ်ဘာသာက ခရစ်ယာန်သမ္မာကျမ်းကို တစ်အုပ်လုံးခိုးချကာ ကိုရမ်ကျမ်းဆိုပြီး မရှိတဲ့ အလ္လာနဲ့ မိုဟာမက်ကို ဖန်တီးခဲ့ပါတယ်။
ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာ နှစ်ခုမှာ အစ္စလာမ်တွေ ဘာလို့ ခရစ်ယာန်ကျမ်းကိုသာ ခိုးချခဲ့တာလဲ ?
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
သေခြာစဉ်းစားရင် ဒီအဖြေကရှင်းပါတယ်။
မိုဟာမက်ဟာ ကုန်သည်လုပ်ရင်း ဘာသာရေးထူထောင်ဖို့ နိုင်ငံတိုင်းမှာရှိတဲ့ ဘာသာတွေကို လေ့လာတဲ့အခါမှာ ဗုဒ္ဓဘာသာကို ခိုးချလို့မရတာကို မိုဟာမက်သိခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာဟာ မမြင်ရပဲ စမ်းတဝါးဝါး ကိုးကွယ်နေတာမဟုတ်ပဲ သမိုင်းအထောက်အထားတွေအတိအကျရှိတဲ့အတွက် ဗုဒ္ဓဘာသာအနားကို မကပ်ရဲတော့ပဲ သမိုင်းအတိအကျမရှိတဲ့ ခရစ်ယာန် သမ္မာကျမ်းကြီးကို ပေါ်တင်ခိုးချလိုက်ပါတော့တယ်။
ကြည်ညိုဖွယ်ရာ ဗုဒ္ဓသာသနာ
•••••••••••••••••••••••••••••••••
ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်ရှိထင်ရှား ရှိစဉ်ကတည်းက မြတ်စွာဘုရားဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ သာသနာအတွင်း စွတ်အတင်းသွတ်သွင်းခဲ့ခြင်း မရှိခဲ့ပါဘူး။
သာသနာကို ဓါးမိုးအုပ်ချုပ်ခြင်း မတရားသဖြင့် စည်းရုံးသိမ်းသွင်းခဲ့ခြင်း မရှိခဲ့ပါဘူး။
(ကာလာမသုတ်တွင် လေ့လာနိုင်ပါသည်)
သမိုင်းအထောက်အထား အတိအကျနှင့် ဗုဒ္ဓဝင်များတွင် သက္ကရာဇ် လ နေ့ ရက်တို့ဖြင့် အတိအကျရှိခဲ့သော ဗုဒ္ဓဘာသာသည် ကမ္ဘာအလယ်တွင် အကောင်းဆုံးဘာသာအဖြစ် ယနေ့တိုင် တည်ရှိနေပါတော့သည်။
သင်သည့့်  ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်သည့်အတွက် ဂုဏ်ယူနေပါစေ့ 
ဓမ္မဂဝေသီ
Tuesday, 6 November 2018
ပုခေတ် ၄ ခေတ်အထောက်အထား
ပုဂံရွှေနန်းတော်ကြီးဆိုင်ရာ အထောက်အထားများ
၃၊၅။ ရာဇ၀င်သမိုင်းမှတ်တမ်း အထောက်အထားများ အပိုင်း ၃
ပုဂံမင်းတို့သည် သမုဒ္ဒရာဇ်မင်းမှ ကျန်စစ်သားမင်းလက်ထက် အထိ မြို့နေရာ လေးနေရာတို့တွင် နန်းတော် ခုနစ်ခုကို တည်ဆောက်ခဲ့ကြကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ပုဂံဒေသတွင် တည်စိုက်ခဲ့ သော နန်းတော်များမှာ -
(၁) ပထမနေရာ၊ ပထမဆုံးနန်းတော် (ယုန်လွှတ်ကျွန်းနန်းတော်)
တုရင်တောင် (တူရွင်းတောင်) ၏ အရှေ့ဘက်၊ ယုန်လွှတ်ကျွန်း အရပ်ဒေသတွင် သရေခေတ္တရာ မြို့ဟောင်းမှ ပျူဘုရင်သုပညာ နဂရဆိန္ဒရမင်းကြီး၏ တူတော် သမုဒ္ဒရာဇ်မင်းကြီးက အေဒီ ၁၀၇ ခုနှစ်တွင် စိုက်တည်ခြဲ့ခင်း ဖြစ်ပါသည်။ သမုဒ္ဒရာဇ်မင်းကြီးသည် ယုန်လွှတ်ကျွန်း အရပ်ဒေသ၀န်းကျင်မှ ရွာကြီး ၁၉ ရွာကို စည်းရုံးခြဲ့ပီး ပုဂြံပည်ကြီးကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
(၂) ဒုတိယနေရာ၊ ဒုတိယနန်းတော် (ကျောက်စကားနန်းတော်)
သမုဒ္ဒရာဇ်မင်းနှင့် ပျူစောထီးမင်းတို့မှစ၍ ပိုက်သေဉ်လည်မင်းအထိ ရှေးဦးပုဂံမင်း ခြောက်ဆက်တို့သည် လောကနန္ဒာဘုရားအရှေ့၊ ကျောက်စကားအရပ်သို့ (ပျူ ၁၉ ရွာ အပါအ၀င်) ရွှေ့ပြောင်း၍ နန်းစိုက်ခဲ့ပါသည်။ ပထမဆုံးနန်းတော်နှင့် ဒုတိယနန်းတော်တို့တွင် နှစ်ပေါင်း ၂၃၇နှစ် ကာလအတွင်း သမုဒ္ဒရာဇ်မင်းနှင့် ပျူစောထီးမင်းတို့မှစ၍ ပိုက်သေဉ်လည်မင်းအထိ ရှေးဦးပုဂံမင်း ခြောက်ဆက် အုပ်ချုပ်စိုးစံခဲ့ပါသည်။
(၃) ဒုတိယနေရာ၊ တတိယနန်းတော် (သီရိပစ္စယာနန်းတော်)
ပုဂံမင်းဆက် ခုနစ်ဆက်မြောက် သေဉ်လည်ကြောင်မင်းလက်ထက်တွင် ဧရာဝတီမြစ်နှင့် နီးသောနေရာဖြစ်သည့် ကျောက်စကားမြို့ နန်းတော်နေရာ၏ အနောက်မြောက်ဘက် ယခုသီရိပစ္စယာရွာ၏ မြောက်ဘက်၊ လောကနန္ဒာဘုရား၏ မြောက်အရပ်သို့  ရွှေ့ပြောင်း နန်းစိုက်ခဲ့ပြီး ယနေ့တိုင် သီရိပစ္စယာနန်းတော်ရာဟု ခေါ်ဝေါ်လျက် ရှိပါသည်။ ၎င်းသီရိပစ္စယာနန်းတော်တငွ် နှစ်ပေါင်း ၁၇၂ နှစ်အတွင်း မင်းဆက်ပေါင်း ငါးဆက် စိုးစံအုပ်ချုပ်ခဲ့ပါသည်။
(၄) တတိယနေရာ၊ စတုတ္ထနန်းတော် (တမ္ပ၀တီနန်းတော်)
ပုဂံမံ င်းဆက် ၁၂ ဆက်မြောက် သိုက်တိုင်မင်းလက်ထက် တငွ် ထိုနေရာမှ ရွာ စိုက်အရပ် (ပျူ ၁၉ ရွာ အပါအ၀င်) ယခပု ဂုြံမို့ ဟောင်း၏ အရှေ့တောင်ဘက်၊ ဖွားစောကျေးရွာအနီး၌ ဆုတောင်း ပြည့် ကျောင်းတိုက်၏ တောင်ဘက်တွင် တမ္ပ၀တီအမည်ဖြင့် ပြောင်းရွှေ့ နန်းစံအုပ်ချုပ်ခဲ့ပါသည်။ တမ္ပ၀တီနန်းတော်တွင် နှစ်ပေါင်း ၃၃၃နှစ်ခန့်ကာလအတွင်း မင်းဆက်ပေါင်း ၂၂ ဆက် စိုးစံအုပ်ချုပ်ခဲ့ပါသည်။
(၅) စတုတ္ထနေရာ၊ ပဉ္စမနန်းတော် (ပျဉ်ပြားမင်းနန်းတော်)
ပုဂံမင်းဆက် ၃၄ ဆက်မြောက် ပျဉ်ပြားမင်းလက်ထက်တွင် ယခုလက်ရှိ ပုဂံမြို့ရိုးအတွင်းသို့ ရွှေ့ပြောင်း နန်းစိုက်ခဲ့ပါသည်။ ပျဉ်ပြားမင်း၏ နန်းတော်ရာနေရာ အတွင်းစည်းခုံဘုရားကြီး တည်နေရာ ဟု ပညာရှင်များက သတ်မှတ်ကြပါသည်။
ပျဉ်ပြားမင်းသည် မင်းသားဘ၀က ပုဂံပြည်၏ အရှေ့အရပ်ရှိ တောင်များဝန်းရံနေသော အရှေ့အစွန်အဖျားဆုံးမြို့ကို စားရသဖြင့် ပြည်ဖျားမင်းဟု ခေါ်တွင်ခဲ့သည်။ ထိုမင်းသည် အရှေ့မျက်နှာ၌ သရပါ တံခါးကြီးပါရှိသော လက်ရှိပုဂံမြို့ရိုးကြီးကို တည်ဆောက်ခဲ့ပြီး ပျဉ်ပြားမင်း၏ နန်းတော်ရာဟောင်းသည် ယခုပုဂြံမို့ဟောင်း၏ အလယ် အတွင်းစည်းခုံ စေတီတော်နေရာတွင် တည်ရှိခဲ့သည်။ မူလ အရှေ့မျက်နှာ အလယ်တံခါးမကြီးမှာ လက်ရှိသရပါတခါံး၏ မြောက်ဘက် ကိုက် ၁၀၀ ခန့်တွင် တည်ရှိခဲ့ပါသည်။ အရှေ့ အနောက်မြင်းမိုရ်တာ ၅၀ ရှိသော အတွင်းစည်းခုံနေရာမှာလည်း ပုဂံမြို့လယ်ရှိ အတွင်းစည်းခုံစေတီတော်ကို ဗဟိုပြု၍ တည်ရှိခဲ့ပေသည်။ ထို့ကြောင့် နန်းတော်ဦးရှိ ဘုရားအမှတ် (၁၆၄၃) ကို "ရွှေတောင်ဦးဘုရား" ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ (ပုဂံခေတ်တွင် "နန်းတော်" ကို "ရွှေတောင်"၊ "နန်းတက်သည်" ကို "ရွှေတောင် တက်သည်" ဟု သုံးနှုန်းခဲ့သည်။) ထို့ပြင် ဗဟိုမင်းလမ်းမကြီး တည့်တည့်ရှိ ဘုရားအမှတ် (၁၆၄၄) ကိုလည်း ပန်းလည်ဂူဟု ခေါ်ဆို ခဲ့ခြင်းဖြစ်သည်။ (ဘုရားစေတီများတွင် ထီးတော်အောက်ရှိ ဗဟို မဏ္ဍိုင်ကို ပန်းလည်တိုင်ဟု ခေါ်ဆိုကြသည်။) ၃၂
(၆) စတုတ္ထနေရာ၊ ဆဋ္ဌမနန်းတော် (အနော်ရထာမင်းကြီး၏ သိရီ ဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီး)
ပုဂံမင်းဆက် ၄၂ ဆက်မြောက် အနော်ရထာမင်းလက်ထက်တွင် အတွင်းစည်းခုံဘုရား တည်ရှိရာ ပျဉ်ပြားမင်း၏ နန်းတော်မှ ယခုပုဆစ်တုပ်ဘုရားရှိရာ တစ်ဝိုက်သို့  ရွှေ့ပြောင်း၍ "သိရီဇေယျဘူမိ" ပုဂံရွှေနန်းတော်ကြီးကို တည်ဆောက်ခဲ့ပါသည်။
(၇) စတုတ္ထနေရာ၊ သတ္တမနန်းတော် (ကျန်စစ်သားမင်း၏ ရာဇဌာန် ဇေယျဘုမ်နန်းတော်)
ထိုမှတစ်ဖန် ပုဂံမင်းဆက် ၄၄ ဆက်မြောက် ကျန်စစ်သားမင်း လက်ထက်တွင် အနော်ရထာမင်းကြီး၏ သိရီဇေယျဘူမိ ပုဂံ ရွှေနန်းတော်ကြီး၏ အရှေ့ဘက်ကပ်လျက်တွင် "ရာဇဌာန်ဇေယျဘူမိ" နန်းတော်ကြီးကို "ဂြီတြိဘုဝနာဒိတျဓမ္မရာဇ" ဘွဲ့ခံ ထီးလိုင်မင်း (ခေါ်) ကျန်စစ်သားမင်းကြီးက တည်ဆောက်ခဲ့ပါသည်။ တွင်းသင်းမြန်မာရာဇ၀င်သစ်၌ -
"အနော်ရထာမင်းစော၊ ပြာသာဒ်ငါးဆောင်နှင့် နေတော်မူရာ" ဟု ပါရှိပေရာ အနော်ရထာမင်းကြီး၏ နန်းတော်နှင့် ကျန်စစ်သားမင်းကြီး၏ နန်းတော်တို့မှာ ပုံစံများစွာ ကွာခြားခြင်းမရှိဟု ပညာရှင် များက ယူဆကြပါသည်။
မဟာရာဇ၀င်ကြီး ရွှေစည်းခုံစေတီတော် တည်ခန်းတွင်လည်း -
"ရွှေစည်းခုံတောင်အရပ်တွင် ပြာသာဒ်ငါးဆောင်နှင့် နေတော်မူ၍ ရွှေစည်းခုံဘုရားကို တည်တော်မူဟူ၍ ဖော်ပြထားရာ အနော်ရထာမင်းကြီး၏ နန်းတော်မှာလည်း ငါးဆက်ပြာသာဒ်ပင်ဖြစ်ကြောင်း" ၃၃ ယူဆကြပါသည်။
ရာဇ၀င်သမိုင်းများတွင် အနော်ရထာမင်းကြီး၌ မိဖုရား မည်ရွေ့မည်မျှရှိသည်ဟု အခြားမင်းများကဲ့သို့ တိကျစွာ ဖော်ပြမထားပေ။ သို့ရာတွင် -
(က) စောလူးမင်းမယ်တော် မိဖုရားခေါင်ကြီး
( ခ ) ဝေသာလီမင်းသမီး (ပဉ္စကလျာဏီ၊ ကျန်စစ်သားမင်းကြီး၏ မယ်တော်)
( ဂ ) ဥဿာမင်းသမီးခင်ဦး (မဏိစန္ဒာ)
(ဃ) မောရှမ်းသူရှင်မွန်လှ ၃၃ (စောမွန်လှ) - ဟူ၍ -
အနည်းဆုံး မိဖုရားကြီးလေးပါးရှိကြောင်း သိရှိရပါသည်။ ယင်းမိဖုရားလေးပါးအတွက် အဆောင် လေးဆောင်၊ တစ်ပင်တိုင်မင်းသမီးတော် အဆောင် တစ်ဆောင်ပါ ထည့်သွင်းစဉ်းစား၍ အနော်ရထာမင်းကြီး၏ ပုဂံရွှေနန်းတော်ကြီးတွင် မိဖုရားဆောင် လေးဆောင်နှင့် သမီးတော်ဆောင် တစ်ဆောင် စုစုပေါင်း ငါးဆောင်ပါဝင်စေ၍ ၃၃ ပုံစံထုတ်ယူ ကြောင်းသိရပါသည်။ မြေနန်းစနုဆောင်တွင်လည်း နန်းတည်ကျောက်စာအရ အရှေ့စမုခ်နှင့် ပြာသာဒ်တော်ကြီးအကြားတွင် သီဟာသနဆောင်ကို ထည့်သွင်းလိုက်ရာ မြေနန်းဆောင်စုမှာ ငါးဆောင် ဖြစ်သွားရကြောင်း သိရှိရပါသည်။ ထို့အပြင် အခြားနန်းတော်များတွင် ယာယီစံနန်းအဖြစ်သာ ဆောက်လုပ်ခဲ့သော ရာဇဘိသေက အခမ်းအနားကျင်းပရာ အဘိသိက် ရေသွန်း နန်းတော်ဆောင်ကိုလည်း အခိုင်အမာဆောက်လုပ်ခဲ့ကြောင်း နန်းတည်ကျောက်စာ၌ အတိအလင်းပါရှိသဖြင့်  အနော်ရထာမင်းကြီး၏ ပုဂံရွှေနန်းတော်ကြီးတွင် နန်းဆောင်ပေါင်း ၂၂ ဆောင်တိတိပါရှိမည် ဟု ၃၃ ယူဆ၍ ပုံစံများ ထုတ်ခဲ့ကြောင်း သိရပါသည်။ ယင်းပုဂံရွှေနန်းတော်ကြီး နန်းဆောင်ပေါင်း ၂၂ ဆောင်တို့ မှာ -
( ၁ ) အရှေ့စမုခ်ဆောင်
( ၂ ) လက်ဝဲပွဲတက်ဆောင်
( ၃ ) လက်ယာပွဲတက်ဆောင်
( ၄ ) သီဟာသနဆောင်
( ၅ ) အဘိသေကဆောင်
( ၆ ) ပဉ္စပါသာဒဆောင်
( ၇ ) မြောက်စမုခ်ဆောင်
( ၈ ) မြောက်စောင်းတန်း
( ၉ ) တောင်စောင်းတန်း
(၁၀) တောင်စမုခ်ဆောင်
(၁၁) ဇေတ၀န်စနုဆောင်
(၁၂) ဇေတ၀န်ဆောင်
(၁၃) မြောက်လေသာဆောင် (လက်ဖက်ရည်တော်ဆောင်)
(၁၄) နန်းမဆောင်
(၁၅) တောင်လေသာဆောင် (ကွမ်းရေတော်ဆောင်)
(၁၆) မြောက်နန်းမိဖုရားဆောင်
(၁၇) အလယ်နန်းမိဖုရားဆောင်
(၁၈) တောင်နန်းမိဖုရားဆောင်
(၁၉) တစ်ပင်တိုင်မင်းသမီးဆောင်
(၂၀) အနောက်ဇေတ၀န်ဆောင်
(၂၁) အနောက်နန်းမိဖုရားဆောင်
(၂၂) အနောက်စမုခ်ဆောင် ၃၄ တို့ ဖြစ်ပါသည်။
ပထမမြန်မာနိုင်ငံတော်နှင့် ပုဂံရွှေနန်းတြော်ကီး
ထူးထူးဝင်း (ရှေးဟောင်းသုတေသန)
(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း)
(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း) မြန်မာသက္ကရာဇ် ၁...
-
မောင်ဖေငယ်လို အချစ် ……………………………………………………… ( ရာဇဝင်ထဲက ရင်နင့်ဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်း ) မောင်ဖေငယ် ဆိုတာ ဒိုင်းခင်ခင် ရဲ့ မိခင်ဖခင်တွေ က...
-
ဟာရပ္ပနဲ့ မိုဟမ်ဂျိုဒါရိုတွေ့ ယာယီအမည် အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုမှ ပုတီးစေ့တွေနဲ့ ပျူခေတ်ပုတီးစေ့တွေကို နှိုင်းယှဉ်လေ့လာနိုင်ရန်ဖြစ်ပါတယ်။ြ...
-
အရည်းကြီးတို့ကို လွတ်ငြိမ်းခွင့်ပြုပါတော့ ======================== ဆောင်းပါးရှင် မျိုးညွှန့်(Popular News ) အမှတ်မထင် သား၏ ၅ တန်းသင်ရု...