သမိုင်းမှာ တို့မြန်မာတွေ ဒီလိုကလိန်ကျခံခဲ့ရဘူးတယ်
_______________________________
အောက်က ကာတွန်းပုံကိုကြည့်ပါ။ အင်္ဂလိပ်ကာတွန်းဆရာတစ်ယောက်ရဲ့လက်ရာဖြစ်တယ်။
၁၈၈၅၊ ဇန်နဝါရီ ၁၆ထုတ် The Graphic သတင်းစာမှာ ဖော်ပြပါရှိခဲ့တယ်။ ဒီပုံမှာ ဘာထူးခြားချက်ကို တွေ့ပါသလဲ?
အင်္ဂလိပ်စစ်သားက ဖားပြုတ်ကြီးလိုလို လူတစ်ပိုင်းမိစ္ဆာတစ်ပိုင်း သတ္တဝါကြီးကို ဆောင့်ကန်နေတယ်။ အဲ့ဒီသတ္တဝါကြီးရဲ့ရင်ဘတ်က အင်္ဂလိပ်လိုရေးထားတဲ့ စာတမ်းကို ဖတ်ကြည့်လိုက်ပါ။
ဟုတ်ကဲ့။ THEEBAW ပါတဲ့။ သီပေါ ပေါ့။ အောက်မှာ အရက်ပုလင်းနဲ့ အဲ့ထက်အောက်ဘက်မှာက မင်းတို့အဆင်တန်ဆာ ကျိုင်းတံနဲ့။
ဟုတ်ပါတယ်။ ကျနော်တို့ ဘုရင် သီပေါမင်းကို ပုံဖျက်ရေးဆွဲထားတာပါ။
အဲ့ဒီခေတ်က ဗြိတိသျှအင်ပါယာအတွင်း သတင်းစာတွေမှာ သီပေါမင်းနဲ့ ပတ်သက်လာလို့ သတင်းရေးတိုင်းမှာ ယစ်ထုတ်ကြီး အရက်သမားကြီး အင်မတန်ကြမ်းကြုတ်ရက်စက်တဲ့ဘုရင် အဖြစ် ရည်ညွှန်းရေးသားတတ်ကြပါတယ်။
အဲ့ဒီခေတ် မြန်မာအာဏာပိုင်တွေကိုလဲ အင်မတန်ခက်ထန် ရိုင်းစိုင်းသူတွေအဖြစ် ပုံဖော်ကြပါတယ်။ အဲ့ဒီလို ပုံဖော်ပြီးမကြာခင် ကျနော်တို့နိုင်ငံကို ကျူးကျော်သိမ်းပိုက်တော့တာပါပဲ။
ဒါဟာ ကိုလိုနီ နယ်ချဲ့တွေရဲ့အကျင့်ပါ။
တကယ့်မြေပြင်စစ်ပွဲမလာခင် အရင်ဆုံး မီဒီယာစစ်ပွဲဆင်နွှဲတယ်။ အဲ့ဒီစစ်ပွဲမှာ သူတို့ဘက်က အင်မတန်တရားမျှတသလို တဘက်က အင်မတန်ဆိုးသွမ်းယုတ်မာပြီး ပြစ်ဒါဏ်ပေးသင့်သလို ပုံဖော်ပစ်လိုက်တတ်ကြတယ်။
လူဆိုတာက အသိုင်းအဝိုင်းနဲ့ နေတဲ့သတ္တဝါပေပဲ။
လူ့အသိုင်းအဝိုင်းမှာ၊ လူ့အဖွဲ့အစည်းမှာ တဘက်လူကို အင်မတန်ဆိုးရွားသူ ချေမှုန်းသင့်သူအဖြစ် ပုံဖော်ပြီးတာနဲ့ အားလုံးကလည်း အရေးယူဖို့ ဝိုင်းတိုက်တွန်းပြီးတာနဲ့ တကယ်မညှာမတာ အနိုင်ကျင့်တော့တာပါပဲ။
ဒါပေမဲ့ မီဒီယာစစ်ပွဲမှာ သူတို့နိုင်ထားပြီးတော့ လူ့အသိုင်းအဝိုင်းရဲ့အမြင်မှာကို တဘက်ကို ရစရာမရှိအောင် မှုန့်ချေထားပြီးတော့ … သူတို့လုပ်သမျှ တရားတယ် ဖြစ်တော့တာပေါ့။
မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပြီးနောက်မှာ … ကာလကတ္တားသတင်းထောက်တစ်ယောက်က ရေးတယ်။ ''သီပေါဘုရင်ကို ရှန်ပိန်၊ ဂျင်၊ ဝိုင်တွေသောက်တတ်အောင် နိုင်ငံခြားသံတမန်တွေ အမျိုးမျိုးဖျားယောင်းခဲ့ပေမယ့် သီပေါဘုရင်ဟာ ဘယ်တုန်းကမှ အရက်ခွက်ကို လက်နဲ့တောင် မထိခဲ့ဖူးပါဘူး" တဲ့။
ဒါပေမဲ့ သူ့အသံကတိုးတယ်။ ပုံဖျက်သူတွေ အသံက ကျယ်တယ်။ ကမ္ဘာ့အမြင်မှာ အများအမြင်မှာ စွဲသွားပြီ။ သီပေါမင်းဆိုတာ အရက်သမားကြီး ရက်စက်ကြမ်းကြုတ်သူကြီး။
မှန်တာ မှားတာထက် ပုံပေါ်သွားတာက ပြင်မရတော့ဘူးလေ။
ဒီသမိုင်းအဖြစ်အပျက်ကို ကျနော်အခု ပြန်ပြောပြနေတာ အကြောင်းရှိပါတယ်။ အခုအဖြစ်နဲ့ တူမနေဘူးလားဗျာ။ အမှန်တရားဟာ ဘယ်လိုဖြစ်ဖြစ် ပုံပေါ်နေတာကတော့ ကျနော်တို့ဟာ အလွန်ဆိုးသွမ်းရက်စက်သူတွေ။
ဟိုးတချိန်တုန်းက ကျနော်တို့ဟာ ပညာမဲ့ခဲ့ကြတယ်။ ကိုယ့်ပုံရိပ် ကမ္ဘာမှာ ဘယ်လောက်ဆိုးနေတယ်ဆို မသိဘူး။ ကိုယ့်အင်အားကိုယ် မတွက်ဆနိုင်ဘူး။ ပြီးတော့ အချင်းချင်းမစည်းလုံးဘူး။ မတည့်ကြဘူး။
တိုင်းပြည်မှာ အုပ်စု၃စုလောက် ကွဲနေတယ်။ စု ဘုရားလတ်က အခရာပဲ။ ဒါပေမယ့် သူမစွမ်းနိုင်တာတွေ အများကြီး။ သီပေါကတော့ တက်တက်ဆိုလို့သာ ဘုရင်လုပ်ရ၊ တကယ်တမ်း ရုပ်ပြမျှသာ။ ကင်းဝန်မင်းကြီးတို့အုပ်စု တော်ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့အဆင့်တော့ မဟုတ်ဘူး။ တိုင်းတား က တပ်ကို ကိုင်ထားတယ်။ တဇွတ်ထိုး တဇောက်ကမ်း။
တော်သေးတာက တိုင်းတားဟာ ကိုယ်ပိုင်ကုမ္ပဏီတွေ ဘာတွေတော့ မရှိသေးဘူး။ ဒါပေမဲ့လဲ ပညာမဲ့တယ်။
အဲ့လို ညံ့ခဲ့ကြတော့၊ မစည်းလုံးခဲ့ကြတော့ သူ့ကျွန်ဘဝရောက်တာပါပဲ။
ဒါနဲ့ … အခုရော …
Credit: Thorn Nay Soe
Monday, 5 November 2018
အင်္ဂလိပ်တွေလိမ်ခဲ့တဲ့ မြန်မာ့သမိုင်း ခုထိမပြောင်းလည်းနိုင်သေး
Subscribe to:
Post Comments (Atom)
(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း)
(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း) မြန်မာသက္ကရာဇ် ၁...
-
မောင်ဖေငယ်လို အချစ် ……………………………………………………… ( ရာဇဝင်ထဲက ရင်နင့်ဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်း ) မောင်ဖေငယ် ဆိုတာ ဒိုင်းခင်ခင် ရဲ့ မိခင်ဖခင်တွေ က...
-
ဟာရပ္ပနဲ့ မိုဟမ်ဂျိုဒါရိုတွေ့ ယာယီအမည် အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုမှ ပုတီးစေ့တွေနဲ့ ပျူခေတ်ပုတီးစေ့တွေကို နှိုင်းယှဉ်လေ့လာနိုင်ရန်ဖြစ်ပါတယ်။ြ...
-
အရည်းကြီးတို့ကို လွတ်ငြိမ်းခွင့်ပြုပါတော့ ======================== ဆောင်းပါးရှင် မျိုးညွှန့်(Popular News ) အမှတ်မထင် သား၏ ၅ တန်းသင်ရု...
No comments:
Post a Comment